ဒီမှာတင် အဖေက “သားတွေ့လား P6 က အရေးကြီးတယ်။ လာလာ သားကို အဖေ Algebra သင်ပေးမယ်..” ဆိုပြီး
“ဒီမှာ သား စာအုပ်တအုပ် ရှိတယ်။ ဗူးတဗူးလည်း ရှိတယ်။”
“ဟော စာအုပ်တအုပ် ထပ်ထည့်လိုက်မယ်”
“စာအုပ် ဘယ်နှစ်အုပ် ဖြစ်သွားသလဲ?”
သားကြီး က “နှစ်အုပ်”
“အေး တအုပ်က ‘a’, နှစ်အုပ်ဆိုတော့ ...”
“‘2a’”
“ဗူးတဗူးက ‘b’, နှစ်ဗူးဆိုတော့…”
“‘2b’”
“‘a’ နဲ့ ‘b’ နဲ့ ပေါင်းတော့” ( ‘c’ ဒါက သားငယ်က ၀င်ပြောတာပါ။ ကျမကတော့ သားငယ် အဖြေကို ရီနေရပါပြီ)
သားကြီး - “ဘယ်ပေါင်းလို့ ရမလဲ အမျိုးမှ မတူတာ။ Value ဆိုရင်တော့ ပေါင်းလို့ရတာပေါ့”
“အေး ဟုတ်တယ်”
“တကယ်က သားတို့ P1ကတည်းက သင်ပြီးပါပြီ…Triangle ပုံလေးတွေ Rectangle ပုံလေးတွေနဲ့လေ…
Triangle က ဘယ်နှစ်ခု
Rectangle က ဘယ်နှစ်ခု” လို့ ဆက်ပြောပါတယ်… သားကြီးကတော့ ဘယ်အရာမဆို ခပ်ပေါ့ပေါ့ပဲ
သူ့အဖေက ဆက်ပြီး
“‘a’ နဲ့ ‘b’ ပေါင်းတာ ဟာ ‘b’ နဲ့ ‘a’ ပေါင်း တာနဲ့ တူတယ်...ဒီတော့
a + b = …”
“b + a” လို့ သားကြီးက ပြန်ဖြေပါတယ်
“အေး ဟုတ်တယ်”
“a + b = b + a ဆိုတာ Mathematic မှာ law လို့ခေါ်တယ်...။ Commutative Law တဲ့”
ဒီမှာတင် သားငယ်က
“Mother in Law ဆိုတာ ဘာတုန်း” လို့ ထမေးပါတော့တယ်။
(ဟုတ်တယ်လေ သူလည်း သူသိတာ သူဝင်ပြောရတာ)
“မေမေ့ကို မေး” ဆိုပြီး အဖေက ဆက်နေပြန်ပါတယ်။
“(a + b) + c ဟာ a + (b + c) နဲ့ ညီတယ်ဆိုတာကိုရော သားသိလား အဲ့ဒါ အရေးကြီးတယ် Associative Law လို့ ခေါ်တယ် ဒါသိပ်အရေးကြီးတယ်။”
“သိတယ်” ဆိုပြီး ပြောပြောဆိုဆို သားကြီးက အခန်းထဲက ထွက်သွားပါပြီ။
ဒီမှာ တင် ကျမက “ဘာ.. ဘာ.. (a + b) + c = a + (b + c) ဟုတ်လား…” တွေကနဲ ခဏ စဉ်းစားပြီးမှ “အော် တူမှပေါ့ အားလုံးပေါင်းတာကိုး” လို့ ဆိုလိုက်မိတော့…
“မင်းတို့တွေ အဲ့ဒါ ခက်တာပဲ ဘာမဆို လွယ်လွယ်လေး လွယ်လွယ်လေးနဲ့၊ သူများတွေလို အသေးစိတ် သေသေချာချာ ဂဃနဏ စူးစမ်းလေ့လာချင်စိတ်မရှိဘူး။ သူများတွေက တူတယ်ဆိုရင် ဘာ့ကြောင့်တူတယ်ဆိုတာ အရေးတယူ စဉ်းစားနေတဲ့ အချိန်မှာ..” ဆိုပြီး လက်ချာက ကျမဖက်လှည့်လာပါတော့တယ်။
“အောင်မလေးတော် ကျမကလည်း လွယ်တယ်လို့ မပြောပါဘူး။ အပေါင်းမလို့ တူတာပေါ့ လို့ ပြောတာပါ။ အခြား ဟာဆိုရင်တော့ ဘယ်လာတူနိုင်ပါ့မလဲ” လို့ နှုတ်လန်ထိုးလိုက်တော့မှ
“အင်း” ဆိုပြီး ဆရာကြီး ကွန်ပြူတာဖက် မျက်နှာလှည့်ပြီး အသံတိတ်သွားတော့တယ်။
ဒီကနေ့ သင်ခန်းစာ ဒီမှာတင်ပြီးပါပြီ။ ။
စကားချပ်။ ။ ကျမတို့ လင်မယားကတော့လေ … ဆရာ ဓနုဖြူဆွေမင်းရဲ့ “ဆြာတွတ်နဲ့ မသေးမျှင်” အတိုင်းပါပဲ။
Wednesday, November 4, 2009
Algebra သင်ခန်းစာ
သားကြီးက ဒီနှစ် P5 လို့ ခေါ်တဲ့ Primary 5 ပါ။ နောက်နှစ်ဆိုရင် P6… PSLE လို့ ခေါ်တဲ့ Primary School Leave Examination ဖြေရမှာပါ။ ဒီမှာတော့ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး လှုပ်လှုပ်ရွရွနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စာမေးပွဲတခုပါ။ အခု သားကြီး P5 Semester 2 စာမေးပွဲ ဖြေနေပါပြီ။ ဒီနေ့တော့ သူက “မေမေ သားကို မုန့်ဖိုးပိုပေးလိုက်ပါ…သားတို့ ဆရာမက စာမေးပွဲပြီးတာနဲ့ ကျောင်းမပိတ်ခင်ထိ ရတဲ့ အချိန်မှာ P6 အတွက် Algebra စသင်တော့မယ်တဲ့ သားတို့ကို Book Shop က စာအုပ်ဝယ်ခိုင်းထားတယ်” လို့ ဆိုလာပါတယ်။
Labels:
သီတာ,
ဟိုအကြောင်း ဒီအကြောင်း
Subscribe to:
Post Comments (Atom)
23 comments:
“Mother in Law ဆိုတာ ဘာတုန်း” ဆိုလို့ ရယ်လိုက်ရတာ မသီတာရယ်။
mother in law ဆိုတာ law ထဲမှာ အရေးကြီးဆုံး lawပဲဆိုတာ ရှင်းပြလိုက်လား။ နူကလီးယား ထုတ်လို့ရတယ်လို့။း)
mm
ဒီပို့စ်ကိုဖတ်ပြီး ဟိုးအရင်တုန်းက မြန်မာ့အသံကနေလွှင့်ခဲ့တဲ့ အသံလွှင့်ဇာတ်လမ်းတခုထဲက ‘ကိုဘခင်’ သူ့သားကို
ဂဏန်းသင်္ချာအသင်ကောင်းလို့ ခလေးခမျာ လုံးချာလည်ပြီး စာမေးပွဲမဖြေနိုင်၊ ကိုဘခင်တို့လင်မယားလဲ နောင်ဂျိန်ပလေးရပုံလေးကို
သတိရမိသွားပါတော့တယ်။
သားငယ်လေး က မေးတာပြောတာဖတ်ပြီး သဘောကျလို့  ဟီဟီ
၎ယောက်လုံး ကိုယ့်အစွမ်းနဲ့ကိုယ်ပဲ မသီတာ :) အငယ်ဆုံး လေးကိုတော့ အမြော်အမြင်ကြီးသူလို့ ဆိုရမလား??? :P
‘a’ နဲ့ ‘b’ နဲ့ ပေါင်းတော့” ( ‘c’
“Mother in Law ဆိုတာ ဘာတုန်း”
so funny.
:)
momiji
ဟား ဟား ဟား... တစ်ညနေလုံးအိပ်ငိုက်နေတာ အခုမှပဲ အိပ်ငိုက်ပြေသွားတော့တယ်... :D
ပျော်စရာမိသားစုဘ၀လေးပါပဲ...သားငယ်ကတော့ mother in law ကို သိချင်နေပြီ...ဟဲဟဲ
ပျော်စရာကြီးနော် ... အမမသီတာတို့မိသားစုက ။...
အဲ့ဒါမျိုးတွေဖတ်ရတော့ အိမ်ကိုလွမ်းတယ် အမ... အိမ်မှာတော့ စာနဲ့ပတ်သတ်ပြီး ဘယ်သူမှ လက်ချာတော့မရိုက်ကြပါဘူး ။ သတိရတာက အဲ့လိုမိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကိုပါ ။။။
မိသားစုတိုင်း အဲ့လိုပျော်ရွှင်စရာနေ့ရက်လေးတွေ တိုးပွားနေကြပါစေ ..
အဲဒီ mother in law ပဲ အခရာ ..
အက္ခရာ နဲ့ အခရာ မတူဘူးနော်း))
ဟုတ်ပ မသီတာရေ.... တခါတခါယောင်္ကျားတွေက ဒီလိုဘဲနော်... မပြောချင်ဘူး.... ဘာမဟုတ်တာလေးတွေကို အပြစ်တင်ချင်သလိုလိုဘာလိုလိုစကားမျိုး သိပ်ပြောတတ်တယ်....အဟီး... ကိုယ့်ဟာကိုယ်စာလာဖတ်ရင်း ပေါက်ကွဲသွားတယ်
ချစ်စရာ ပျော်စရာ မိသားစုလေး
:)
အဟား
အဖေကြီး စိတ်ညစ်သွားပြီ။
သားငယ်က ၀င်နောက်တယ်။
သားကြီးက ခေါင်းကုတ်သွားမှာပဲ။
မသီတာကတော့ တပြုံးပြုံးနဲ့ ဒီပိုစ့်ကို ရေးတာပေါ့လေ။
မှန်တယ် မဟုတ်လား။
သဘောကျပါတယ်။
အပြုံးပန်းလည်း ပြုံးပန်းတဝေေ၀နဲ့ ဖတ်သွားပါကြောင်း။
တခန်းရပ် ပြဖာတ် ကြည့်လိုက်ရသလိုပါပဲ။
မနက်ဖန် ချန်းတို့လဲ စာမွဲ..
သားကြီးက ချန်းထက် တစ်နှစ်ကြီးမယ်..
စိတ်ပူနေရတယ်..စာမွဲအတွက်..
ချန်းက သားငယ်နဲ့တူတယ်..
ဟိုမေး..ဒီမေးး..
အကုန်မေး...
ကလေးတွေက အရင် စာသင်နှစ် မကုန်ခင် နောက်နှစ် အတွက် စာ စ သင်နေရတယ်လား။ အချိန်ပိုလည်း ယူရ တယ်လား။
ကျောင်းမှာ ကလေးတွေ သင်ရတဲ့စာကို မိဘက အိမ်မှာ ကူ ပြပေးနိုင်တယ် ဆိုတော့ တော်တော် အစဉ်ပြေတာပဲ။
မအယ်သာဆို သူတို့စာတွေကို သင်ပေး တတ်မှာ မဟုတ်ဘူး။
မအယ်
သားငယ်က ရယ်ရတယ်။ ဟာသဥာဏ် ရွှင်သကိုး။
:)
a+b=c ဆိုတာကို ရယ်ချင်နေတာ..
အငယ်လေးက law အသစ်ထုတ်မယ့်သူထင်တယ် =)
ကျွန်မသားလေးလည်း ငါးတန်းပဲ။ သားကတော့ Algebra မှာတော့ မဆိုးဘူး။ ဒသမ မြှေက်ရင် နေရာရွှေ့တာ အမြဲမှားတယ်။
အစ်မရေ...
ဒီဇာတ်လမ်းမှာ အဖေနဲ့ သားကြီးက ဇာတ်လိုက်ဆိုပေမယ့် ဇာတ်ပို့ဖြစ်တဲ့ သားငယ်ကို အကယ်ဒမီ ပေးလိုက်ပြီ။း-)
အမရေ… ရယ်ရလွန်းလို့  ဘလော့ဖတ်ဖို့ ပျင်းတဲ့ ဆရာတပည့် ကျွန်မအမျိုးသားကို ဖတ်ပြနေတာ… သူကလဲ တခွတ်ခွတ်နဲ့ ရယ်နေလေရဲ့… ပြီးတော့ သူကပြောနေတယ်… အမက စာရေးကောင်းလိုက်တာတဲ့… သားကြီးနဲ့ သားငယ် သားကြီးက အနေအေးပြီး သားငယ်က သွက်ပုံပဲနော်အမ… အမရေ… ဆရာ LAW တွေ အားလုံး မှတ်မိနေတာ အံ့သြစရာနော်… ကျွန်မတို့ နှစ်ယောက်လုံး အဲဒီLAWတွေ မေ့ကုန်ပြီ… သားကို ဘယ်လိုသင်ရပါ့နော်… ဆရာ့ဆီ လွှတ်လိုက်မှ ထင်တယ်… ဟိဟိ… ကိုယ်မွေးတဲ့ သားသမီးတွေထိ ဆရာ့ကို အပူကပ်ချင်တုန်း…
သားငယ်အမေးကိုတော့ သဘောကျလို့ ပြုံးသွားတယ်။ နောက်ဆုံးလက်ချာက အမေ့ဘက်လှည့်လာပါလား။ :)
Post a Comment